စွယ်​​တော်​ရိပ်​သို့အလွမ်း​ပြေ - စက်​မှုတက္ကသိုလ်​​ကျောင်းသားအဖွဲ့
 စွယ်​​တော်​ရိပ်​သို့အလွမ်း​ပြေ
ရေးသူ​......စက်​မှုတက္ကသိုလ်​​ကျောင်းသားများအဖွဲ့.
 ဒီစာအုပ်​ထဲက ကဗျာ​တွေဟာ ကဗျာ​ရေးခါစ (၁၉၆၉ - ၁၉၇၀) စက်​မှုတက္ကသိုလ်​​ကျောင်းသား​တွေရဲ့ ကဗျာ​လေး​တွေပါ​။
       ပုံပြင်​မဟုတ်​ပါ
.................
 လန်းစွင့်​​နေသည့်​ ကံ့​​ကော်​ပွင့်​။
 ထူထဲပြည့်​ညှပ်​ ၊ ထပ်​ထပ်​ထစ်​ချုန်း
 ပြုန်းပြုန်းပြက်​ပြက်​ ၊
 မိုးသက်​မုန်​တိုင်း ကျပြီး​သော်​။
 ဖြူစင်​လန်းဆန်း
 ကံ့​ကော်​ပန်းသည်​ ၊ စိန်​ပန်းပွင့်​နီ
 ရင်​ဖို့လှစွာ ၊ မြင်​လိုက်​ရစဉ်​ ၊
 ကြမ်းတမ်းမဲပြာ ၊ ပုဝါကိုသုံး
 မျက်​လုံးစုံကို ၊ ဗြုန်းဆိုချက်​ချင်း
 အတင်းပိတ်​လိုက်​ ၊ ထိုအခိုက်​မှာ
 မူးမိုက်​​ဝေဖြာ
 ကမ္ဘာအ​မှောင်​ဖုံးသွားသည်​။  
(အမည်​ရင်း။      ။ ကို​သန်း​အောင်​၊စက်​မှုအင်​ဂျီနီယာ)
ကဗျာများစွာပါဝင်​​သော စာအုပ်​​လေးကိုဖတ်​ရှု့ခံစားကြည့်​လိုက်​ရ​အောင်​လား။
               ဒီမှာနှိပ်ပါပါ
Share this article :
Post a Comment
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ဧရာဝတီအိမ်မက်စာအုပ်စင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger